” ပစ္စည်းမှန် ဈေးနှုန်းမှန် STEEL KING ၏စံ” ဆိုသည့် စကားအတိုင်း Customer များ၏ ယုံကြည်အားပေးမှု အပြည့်အဝ အခိုင်အမာရရှ်ိထားသော ကျွန်တော်များ STEEL KING ကုမ္ပဏီကြီးသည် ယခုဆိုလျှင် နှစ်ပေါင်း (၃၈) နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။
ယနေ့ထိတိုင် အောင်မြင်စွာရပ်တည်နိုင်ရန် ကျွန်တော်များ STEEL KING ကုမ္ပဏီကြီးအား ယုံကြည်စိတ်ချစွာ အားပေးခဲ့ကြသော ချစ်သော Customer များ၊ အတူလက်တွဲကြိုးစားလုပ်ကိုင်ခဲ့ကြသော တန်ဖိုးမဖြတ်နိုင်သည့် ချစ်သော တပည့်သားသမီးများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဦးဆောင်သူတို့၏ တိကျပြတ်သားသော လမ်းညွှန်မှုများဖြင့် ကုမ္ပဏီကြီး နောင်နှစ်ပေါင်းများစွာတိုင် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်မှုများစွာနှင့်အတူ Customer များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားလျက်ရှိနေပါသည်။
ကုမ္ပဏီကြီး၏ ပဲ့ကိုင်ရှင်များဖြစ်ကြသော Our Chairman U Kyaw Kyaw Oo နှင့် Our MD. Daw May Lwin Tun တို့မှ သားသမီးများသဖွယ် ချစ်ရပါသော ဝန်ထမ်းများအား (၃၈)နှစ်ပြည့် အထိမ်းအမှတ်လက်ဆောင်မွန်အဖြစ် စားသောက်ကုန်များစွာ ပါဝင်သော Gift Box များအား မေတ္တာဖြင့် ပေးအပ်ခဲ့သည့် ကြည်နူးဖွယ်ပုံရိပ်လေးများအား ပြန်လည်မျှဝေအပ်ပါသည်ခင်ဗျာ….








