(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအသင်း (MSME) တို့ပူးပေါင်း၍ “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်”ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ တောင်ဘက်ရှိ ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့ပါသည်။ အဆိုပါ စျေးရောင်းပွဲတော်တွင် ပါဝင်ခဲ့သော Steel King Company Limited ၏ပြပွဲမှတ်တမ်းပုံရိပ်များကို ပြန်လည်မျှဝေဖော်ပြအပ်ပါသည်ခင်ဗျား…….








