ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်တွင် ပါဝင်ခဲ့သော Steel King Company Limited ၏ အမှတ်တရပုံရိပ်များ

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းရှင်များအသင်း (MSME) တို့ပူးပေါင်း၍ “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်စျေးရောင်းပွဲတော်”ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ တောင်ဘက်ရှိ ပြည်သူ့ရင်ပြင်တွင်ကျင်းပခဲ့ပါသည်။ အဆိုပါ စျေးရောင်းပွဲတော်တွင် ပါဝင်ခဲ့သော Steel King Company Limited ၏ပြပွဲမှတ်တမ်းပုံရိပ်များကို ပြန်လည်မျှဝေဖော်ပြအပ်ပါသည်ခင်ဗျား…….