Steel King Company ၏ 38 နှစ်မြောက်နှစ်ပတ်လည်နေ့အမှတ်တရပုံရိပ်များ

1986 ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ယနေ့ထိတိုင် မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော Steel King ကုမ္ပဏီကြီးသည် နှစ်ပေါင်း ၃၈ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
၃၈ နှစ်တိုင် ခိုင်မာမှု၊ အောင်မြင်မှုများဖြင့် ဆောက်လုပ်ရေးလောကတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ယခုကဲ့သို့ ၃၈ နှစ်တိုင် အောင်မြင်မှုများဖြင့် ရပ်တည်နိုင်ရန်အတွက် ရိုးသားကြိုးစားစွာ အတူလက်တွဲလုပ်ကိုင်ပေးခဲ့ကြသော တန်ဖိုးမဖြတ်နိုင်သည့် ချစ်ရပါသောဝန်ထမ်းများအာလုံး တစ်ဦးတစ်ယောက်ချင်းစီအား အထူးပင်ကျေးဇူးတင်ရှိပါသည်။
ယနေ့ထိတိုင် ယုံကြည်စွာ အားပေးခဲ့ကြသော တန်ဖိုးမဖြတ်နိုင်သည့် ချစ်ရပါသော Customer များအားလုံးနှင့် တစ်ဦးတစ်ယောက်ချင်းစီအား Steel King Company မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။
နောင်လာမည့်နှစ်များတွင်လည်း Customer ယုံကြည်စိတ်ချမှုကို ဆက်လက်စောင့်ထိမ်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျွန်တော်များ Steel King Comapny ကြီးမှ ဆောင်ရွက်ပါမည်ဟု ကတိပြုအပ်ပါသည်။
Steel King Comapny ကြီး၏ ပဲ့ကိုင်ရှင်များဖြစ်ကြသော Our Chairman U Kyaw Kyaw Oo နှင့် Our MD. Daw May Lwin Tun တို့မှ သားသမီးသဖွယ်ချစ်ရသော ဝန်ထမ်းများအား ၃၈ နှစ်ပြည့် အထိမ်းအမှတ်လက်ဆောင်များအဖြစ် ထူးချွန်ဝန်ထမ်းများအား ဆုများပေးအပ်ခြင်း၊ Surprise ဆုများစွာပေးအပ်ခြင်းနှင့် အခြားဆုများပေးအပ်ခြင်းများဖြင့် Steel King Company ကြီး၏ ၃၈ နှစ်မြောက်အခမ်းအနားတွင် ကြည်နူးဖွယ်ပုံရိပ်လေးများအား ပြန်လည် မျှဝေအပ်ပါသည် ခင်ဗျာ…..